ကောင်းမှုအတွက် တန်ဆာပလာများ
ရာဇဝတ်သားကို ဖမ်းမိပြီးနောက်၊ စုံထောက်က ပြစ်မှုကျူးလွန်သူအား မျက်မြင် သက်သေများစွာရှိနေလျက် မျက်နှာပြောင်တိုက်ပြီး၊ တစ်စုံတစ်ဦးအား အဘယ့်ကြောင့်တိုက်ခိုက်သနည်း ဟုမေးသည်။ သူ၏တုံ့ပြန်မှုအဖြေမှာ ရင်သပ် ရှုမောဖွယ်ဖြစ်သည်။ “သူတို့ဘာမှလုပ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ လူတွေ ဘယ် တော့မှ မလုပ်ကြဘူး။” ထိုမှတ်ချက်သည် “အပြစ်ရှိသောအသိတရား”ကို သရုပ်ဖော်နေသည်။ ပြစ်မှုကျူးလွန်သည်ကိုသိသော်လည်း လျစ်လျူရန်ရွေးချယ်ခြင်းဖြစ်သည်။
အလားတူ အပြစ်ရှိသောအသိတရားမျိုးကို တမန်တော်ရှင်ယာကုပ်က “ထို့ကြောင့်၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏” ဟုမိန့်ကြားထားသည် (ယာ ၄:၁၇)။
ကိုယ်တော်၏ ကြီးမြတ်သောကယ်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ဤကမ္ဘာလောကတွင် ကောင်းသောကိုယ်စားလှယ်များဖြစ်ရန် ကျွန်ုပ်တို့ကို ဘုရားသခင် ပုံဖော်ထားသည်။ ဧဖက်သြဝါဒစာ ၂:၁၀ တွင် “အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို…
အစေခံနှလုံးသား
ကျွန်ုပ်၏ဦးလေးဖြစ်သူ အီမိုရီ (Emory)ကွယ်လွန်ချိန်၌ သူ့အကြောင်း ချီးကျူးဂုဏ်ပြုမှုများမှာ များပြားကာ တစ်မျိုးစီ ကွဲပြားခြားနားသည်။ သို့ရာတွင် ထိုဂုဏ်ပြုမှုများအားလုံးက သူသည် အခြားသူများကို အစေခံခြင်းဖြင့် ဘုရားသခင်အပေါ် ထားရှိသည့် သူ၏ချစ်ခြင်းမေတ္တာအား ပြသခဲ့ကြောင်းအချက်ကို တညီတညွတ်တည်း ဖော်ပြလျက် ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းစဉ်က လက်နက် မကိုင်ဆောင်သော ဆေးတပ်သားအဖြစ် ထိုသာဓကကို သူ အထင်ရှားဆုံး ပြသနိုင်ခဲ့သည်။ သူ၏ရဲရင့်မှုအတွက် မြင့်မားသည့်စစ်ဘက်ဆိုင်ရာဂုဏ်ပြုမှုများကို သူရရှိခဲ့သော်လည်း စစ်အတွင်းနှင့် စစ်ပြီးကာလများ၌ သူ၏မေတ္တာကရုဏာပြည့်ဝသော အစေခံမှုက အီမိုရီအား လူတို့အမှတ်ရဆုံး အကြောင်းအရာဖြစ်သည်။
အီမိုရီ၏ အတ္တကင်းမဲ့မှုသည် ဂလာတိလူတို့အား ရှင်ပေါလု၏စိန်ခေါ်ချက်ကို လက်တွေ့အသက်ရှင်ပြခဲ့ခြင်းဖြစ်သည်။ “ညီအစ်ကိုတို့၊ သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့” (ဂလာတိ ၅:၁၃) ဟု ရှင်ပေါလုက ရေးသားခဲ့သည်။…
ဖခင်များနေ့အထူးစာမူ
ဖေဖေများထံသို့
နှစ်လိုဖွယ်ကောင်းသော ဖခင်
ဖတ်ရန်- ဆာလံကျမ်း၁၀၃း၇-၁၃
အဘသည်သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ ဆာ ၁၀၃:၁၃
လေယာဉ်ပေါ်နှင့် လေဆိပ်ထဲတွင် သွက်လက်တက်ကြွသည့် မူကြိုအရွယ် သား နှစ်ယောက်ကို ထိန်းရင်းဆွဲရင်းဖြင့် မိဘနှစ်ဦးမှာ မောဟိုက်နေကြောင်း သိသာသည်။ တစ်ဖန် ယခုနောက်ဆုံးစီးရမည့်လေယာဉ်က…
ခရစ်တော်၌ရှိသောအိမ်
“အိမ်နဲ့တူတဲ့နေရာ ဘယ်မှာမှမရှိဘူး”ဟု Dorathy (ဒေါရသီ)လေးသည် သူမ၏ အနီရောင်ဖိနပ်လေး၏ဖနောင့်ကို ဆောင့်ရင်း ပြောခဲ့သည်။ ‘The Wizard of Oz’ (အော့ဇ်မြို့မှမှော်ဆရာ) ရုပ်ရှင်ဇာတ်လမ်းတွင် ဒေါရသီ နှင့် Toto (တိုတို) တို့ကို အော့ဇ်မြို့မှ Kansas (ကန်းစပ်)ရှိ သူတို့၏အိမ်သို့ မှော်ဆန်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေး ဤစကားလေးကို ပြောပြီးဖနောင့်လေးဆောင့်ရန်သာ လိုအပ်သည်။
စိတ်မကောင်းစရာမှာ လူတိုင်းအတွက် လုံလောက်သည့် အနီရောင်ညှပ် ဖိနပ်များ ရှိမနေပါ။ လူအများစုသည် ဒေါရသီ ကဲ့သို့ တောင့်တမှုမျိုး ရှိသော်လည်း မိမိနှင့်သက်ဆိုင်သည့် အိမ်ကိုရှာတွေ့ရန်မှာ အလုပ်ထက် အပြောက ပိုလွယ်နေလေသည်။
အစဥ်ပြောင်းလဲလျက် မတည်မြဲသည့် ကမ္ဘာကြီးတွင် နေထိုင်ရခြင်း၏ အကျိုးဆက်မှာ မိမိနှင့်အမှန်တကယ်သက်ဆိုင်သည့်နေရာကို တွေ့ရပါ့မလားဟု အတွေးဝင်လျက် သက်ဆိုင်မှုနှင့် စပ်လျဥ်း၍ ခံစားရချက်ဖြစ်သည်။ ထိုခံစားချက်သည် ဆရာကြီး C. S. Lewis (စီအက်စ်လူးဝစ်) ဖော်ပြသကဲ့သို့ “ကမ္ဘာလောကရှိ…
သင်၏ယုံကြည်ခြင်းကို ဝေမျှပါ
၁၇၀၁ ခုနှစ်တွင် အင်္ဂလန်အသင်းတော်သည် ကမ္ဘာတစ်ဝန်းသို့ သာသနာပြုများစေလွှတ်ရန်အတွက် ဧဝံဂေလိတရားပြန့်ပွားရေးအသင်းကို တည်ထောင်ခဲ့သည်။ သူတို့ရွေးချယ်ခဲ့သည့်ဆောင်ပုဒ်မှာ “လာ၍ကူညီပါ” ဟုအဓိပ္ပါယ်ရသော လက်တင်ဘာသာဖြင့် “transiens adiuva nos” ဟူ၍ ဖြစ်သည်။ ထိုစကားစုမှာ ကိုယ်တော်၏မေတ္တာနှင့် ခွင့်လွှတ်ခြင်းသတင်းစကားကို အလွန်အမင်းလိုအပ်နေသောလောကသို့ ယေရှုခရစ်တော်၏နောက်တော်လိုက်များက ယူဆောင်ရန်အတွက် ပထမရာစု ကတည်းက ဧဝံဂေလိသံတမန်များကို စေခိုင်းခဲ့သည့်အရာဖြစ်သည်။
“လာ၍ကူညီပါ” ဟူသောစကားစုသည် တမန်တော်ဝတ္ထု ၁၆ တွင်ဖော်ပြထားသည့် “မာကေဒေါနိခေါ်သံ” မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပေါလုနှင့်အဖွဲ့သည် အာရှမိုင်းနားအနောက်ဘက်ကမ်းရိုးတန်းရှိ တရောမြို့သို့ ရောက်ရှိခဲ့သည် (မျက်မှောက်ခေတ်တွင် တူရကီနိုင်ငံဖြစ်သည် - အခန်းငယ် ၈)။ ထိုမြို့တွင် ပေါလုက မာကေဒေါနိပြည်သားတစ်ယောက် ရပ်နေသည့် ရူပါရုံကို မြင်ပြီး ထိုသူက “မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကို မစပါ” (:၉)ဟု တောင်းပန်ခဲ့သည်။ ရူပါရုံကို ရရှိပြီးနောက် ပေါလုနှင့်သူ၏အဖော်များသည် “ထိုပြည်သို့သွားခြင်းငှာ ချက်ချင်းရှာကြံကြ၏”…
ဘုရားရှင်၏အမြော်အမြင်ရှိသော ရည်ရွယ်ချက်များ
ယူနိုက်တက်ကင်းဒမ်းသည် သမိုင်းကြောင်းနှင့် ပြည့်နှက်နေသည်။ သွားလေရာရာတိုင်းတွင် သမိုင်းဝင်ပုဂ္ဂိုလ်များကို ဂုဏ်ပြုသောကမ္ဗည်းပြားများ၊ အရေးကြီးသော အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည့်နေရာများကို အထိမ်းအမှတ်နေရာများအဖြစ် တွေ့ရသည်။ သို့သော် အင်္ဂလန်နိုင်ငံ၊ ဆန်ဒဝစ်မြို့ရှိ တည်းခိုခန်းတစ်ခု၏ အပြင်ဘက်တွင် ရာသီဥတုဒဏ်ခံထားရသော ကမ္ပည်းပြားပေါ်တွင် “၁၇၈၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်၊ ဤနေရာ၌ ဘာမှမဖြစ်ခဲ့ပါ” ဟုရေးထားသည်။ ၎င်းသည် ဗြိတိသျှတို့၏ ဟာသဉာဏ် ကွန့်မြူးပုံကိုလည်း ဖော်ပြနေသည်။
တစ်ခါတစ်ရံတွင် ကျွန်တော်တို့၏ ဆုတောင်းချက်များနှင့် ပတ်သက်၍ ဘာမှ ဖြစ်မလာဟု ကျွန်တော်တို့ထင်တတ်ကြသည်။ ဘုရားရှင်သည် ယခုပင် အဖြေပေးလိမ့်မည်ဟုမျှော်လင့်၍ ခမည်းတော်ထံသို့ ဆုတောင်းချက်များ ယူဆောင်လာကာကျွန်တော်တို့ ဆုတောင်းပြီးရင်း ဆုတောင်းသည်။ ဆာလံဆရာဒါဝိဒ်က “အိုထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း” (ဆာ ၁၃:၁) ဟု ဆုတောင်းခဲ့စဥ်က ဤသို့သောစိတ်ပျက်မှုကို ဖော်ပြခဲ့သည်။…
ဘုရားသခင်နောက်လိုက်ရန် ရွေးချယ်ခြင်း
ပျှမ်းမျှလူတစ်ယောက်သည် ဘဝတစ်လျှောက်လုံး ဆုံးဖြတ်ချက်ပေါင်း ၇၇၃,၆၁၈ ခုကို ချမှတ်ရမည်ဖြစ်ကြောင်း ‘Daily Mirror’ (နေ့စဥ်ကြည့်မှန်) သတင်းစာတွင် ဖော်ပြထားသည်။ ထိုအထဲမှ “ဆုံးဖြတ်ချက် ၁၄၃,၂၆၂ ခုသည် ကျွန်ုပ်တို့အတွက် နောင်တရစရာ ဆုံးဖြတ်ချက်များဖြစ်မည်”ဟု ဗြိတိသျှသတင်းစာမှ ဆက်လက်ဖော်ပြထားသည်။ ထိုကိန်းကဏန်းကို သတင်းစာတိုက်မှ မည်သို့ရရှိသည်ကို ကျွန်တော်မသိပါ။ သို့သော် ဘဝတစ်လျှောက် မရေမတွက်နိုင်သော ဆုံးဖြတ်ချက်များကို ကျွန်တော်တို့ ချမှတ်ရကြောင်းရှင်းလင်းစွာ ဖော်ပြနေသည်။ အထူးသဖြင့် ကျွန်တော်တို့၏ ရွေးချယ်မှုများ၌ အကျိုးဆက်များရှိပြီး၊ ရွေးချယ်မှုအချို့သည် အခြားအရာများထက် ပိုအရေးကြီးကြောင်း ကျွန်ုပ်တို့ဆင်ခြင်မိသောအခါ ဆုံးဖြတ်ချက်အများအပြားသည် ရပ်တန့်သွားနိုင်သည်။
ကန္တာရထဲတွင် နှစ်ပေါင်း (၄၀) လှည့်လည်ပြီးနောက် ဣသရေလလူမျိုးတို့သည် သူတို့၏နေရာအသစ်သို့ အဝင်တံခါးဝတွင် ရောက်နေခဲ့သည်။ ထိုနယ်မြေသို့ ဝင်ရောက်ပြီးနောက် သူတို့၏ခေါင်းဆောင် ယောရှုက စိန်ခေါ်မှုတစ်ခုကို ထုတ်ပြန်ခဲ့သည်။ “ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့” ဟု…
ခရစ်တော်မွေးဖွားမည့် ကတိတော်
ရူပဗေဒပညာရှင် John W. Mauchly ဂျွန်ဒဗလျူမောက်ချလီ သည် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလက “သာမန်ယောကျ်ားလေး (သို့) မိန်းကလေးတစ်ဦးက ကွန်ပြူတာကို ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်နိုင်စရာ အကြောင်းမရှိဘူး” ဟုပြောကြားခဲ့သည်။ မောက်ချလီ ၏ခန့်မှန်းချက်သည် ထိုခေတ်ကာလက ထူးဆန်းပုံရသော်လည်း အံ့သြဖွယ် မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါပြီ။ ယနေ့ခေတ်တွင် ကွန်ပြူတာ (သို့) လက်ကိုင်အီလက်ထရွန်နစ် ပစ္စည်းတစ်ခုအား အသုံးပြုခြင်းသည် ကလေးငယ်တစ်ဦး အစောဆုံးသင်ယူနိုင်သည့် ကျွမ်းကျင်မှုများထဲမှ တစ်ခုဖြစ်လာသည်။
မောက်ချလီ၏ခန့်မှန်းချက် အမှန်တကယ်ဖြစ်လာသကဲ့သို့ပင် ခရစ်တော်ကြွဆင်းလာမည့်အကြောင်း ပိုမိုအရေးပါသည့် သမ္မာကျမ်းစာ၏ပရောဖက်ပြုချက်များမှာလည်း ပြည့်စုံခဲ့သည်။ ဥပမာ “အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏” ဟု မိက္ခာအနာဂတ္တိကျမ်း ၅:၂…
ချီးမွမ်းခြင်းအလုံးစုံနှင့်ထိုက်တန်မှု
Ferrante (ဖါရန်တေ) နှင့် Teicher (တေချာ) တို့သည် နှစ်ယောက်တွဲ စန္ဒရားတီးခတ်မှုတွင် အကြီးကျယ်ဆုံးအတွဲအဖြစ် သတ်မှတ်ခံရသည်။ သူတို့နှစ်ယောက်၏ပူးပေါင်းတင်ဆက်မှုတွင် အမှားအယွင်းမရှိ၊ အလွန်တိကျပြီး သူတို့၏တီးခတ်ဟန်က လက်လေးချောင်းဖြင့် တီးခတ်သော်လည်း နှစ်ကိုယ့် တစ်စိတ်ဖြစ်နေသည်။ သူတို့၏တေးသံကိုကြားရသူတိုင်း သူတို့၏အနုပညာ ကျွမ်းကျင်မှုအတွက် လိုအပ်သော အားထုတ်မှုကို နားလည်နိုင်ကြသည်။
ထိုမျှမက သူတို့လုပ်သည့်အလုပ်အပေါ်တွင် သူတို့ချစ်မြတ်နိုးသည်။ ၁၉၈၉ ခုနှစ်တွင် သူတို့အငြိမ်းစားယူပြီးသည့်နောက် ဖါရန်တေနှင့်တေချာသည် ရံဖန်ရံခါ စန္ဒရားအရောင်းဆိုင်တွင် ကျပန်းတီးခတ်သည့်ပွဲများကို တင်ဆက်ပေးသေးသည်။ တေးသွားတီးခတ်ရခြင်းကို သူတို့နှစ်သက်မြတ်နိုးခြင်းသက်သက်သာဖြစ်သည်။
ဒါဝိဒ်သည်လည်း သီချင်းဖွဲ့ဆိုခြင်းကို ချစ်မြတ်နိုးသည်။ သို့သော် သူ့တွဲဘက်က ဘုရားသခင်ဖြစ်ပြီး၊ သူ၏သီချင်းများ၌ သာ၍မြင့်မြတ်သော ရည်ရွယ်ချက်ရှိသည်။ သူ၏ဆာလံသီချင်းများသည် ရုန်းကန်မှုများနှင့်ပြည့်နေသော သူ့ဘဝကို ထင်ဟပ်စေပြီး ဘုရားသခင်အပေါ် မှီခိုသည့်ဆန္ဒကို ပေါ်လွင်စေသည်။ သူ၏ ပုဂ္ဂိုလ်ရေး ဆုံးရှုံးမှုများနှင့် မပြည့်စုံမှုများကြား၊ ဘဝမှောင်မိုက်ချိန်တွင်ပင် ဘုရားသခင်၏ ကြီးမြတ်ခြင်းနှင့်…
သွားရန်အသင့်
ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ချစ်ခင်ရသူများ ဆုံးပါးသွား၍ လူများစွာတို့မှာ နာကျင်ခံစားခဲ့ကြရသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် အသက် (၉၅) နှစ်အရွယ် ကျွန်တော့်မိခင် Bee Crowder (ဘီးခရောက်ဒါ) ကွယ်လွန်သွား၍ ကိုဗစ်ကြောင့် မဟုတ်သော်လည်း ကျွန်တော်တို့ပါ နာကျင်သူမိသားစုအဖွဲ့ဝင်များ ဖြစ်ခဲ့သည်။ အခြားမိသားစုတို့နည်းတူ အမေ့အတွက် ပူဆွေးရန်၊ သူ့အသက်တာကို ဂုဏ်ပြုရန်၊ တစ်ဦးနှင့်တစ်ဦး အားပေးရန် မိသားစုဝင်များ စုရုံးခွင့်မရခဲ့ပါ။ အခြားနည်းလမ်းများဖြင့် အမေ၏နှစ်သက်ဖွယ် လွှမ်းမိုးမှုကို ဝေမျှခဲ့ကြပြီး၊ သူမကို ဘုရားရုပ်သိမ်းလျှင် သူအဆင်သင့်ရှိနေပြီး ဘုန်းတော်ဝင်စားရန်အရေးကို စိတ်ထက်သန်ကြောင်း သူအခိုင်အမာပြောဆိုခဲ့မှုများအားဖြင့် ကျွန်တော်တို့ အလွန်နှစ်သိမ့်သက်သာ ရာရခဲ့သည်။ ထိုသို့စိတ်ချသေချာမှုရှိသည့် မျှော်လင့်ခြင်းက အမေ၏အသက်ရှင်မှုနှင့် သေခြင်းတရားကို ရင်ဆိုင်သွားပုံတို့၌ ထင်ရှားပေါ်လွင်နေခဲ့သည်။
သေခြင်းတရားကို ရင်ဆိုင်ရရန် ဖြစ်နိုင်ခြေရှိစဥ်တွင် ရှင်ပေါလုက “ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍အကျိုးရှိ၏။…